အလည်ဗီဇာဖြင့်ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော နိုင်ငံခြားသားများအတွက်ထိုင်းနိုင်ငံအငြိမ်းစားဗီဇာ(Non-O visa)ဝန်ဆောင်မှု
Non-O visa လို့ ခေါ်တဲ့ အငြိမ်းစားဗီဇာဆိုတာ အသက် ၅၀ ကျော်နိုင်ငံခြားသားများ ပင်စင်ယူပြီးသည့်နောက် ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်ရနိုင်ရန်အတွက် ထုတ်ပေးခြင်းဖြစ်ပါတယ်။ အငြိမ်းစားဗီဇာလုပ်ထားပါက တစ်ကြိမ်လျှင် ထိုင်းနိုင်ငံတွင်း ရက်ပေါင်း ၃၆၅ ရက်အထိ နေထိုင်ခွင့်ရမှာဖြစ်ပြီး သတ်မှတ်ချက်များဖြင့် ကိုက်ညီပါက လိုအပ်သလို ဗီဇာသက်တမ်း ထပ်မံတိုးခွင့်ရှိပါတယ်။ ဗီဇာလျှောက်ရန်အတွက် ပိုက်ဆံ ဘတ် ၈ သိန်း အနည်းဆုံး ရက် ၆၀ ထည့်ထားသည့် ထိုင်းဘဏ်အကောင့်နှင့် ထိုင်းနိုင်ငံတွင် နေထိုင်သည့် အိမ်ငှားစာချုပ် ရှိထားရပါမည်။ အငြိမ်းစားဗီဇာ ပထမဆုံး လျှောက်ထားခြင်းဖြစ်ပါက ကနဦးဗီဇာ ရက် ၉၀ နှင့် ထပ်မံသက်တမ်းတိုးနိုင်သည့် ၃၆၅ ရက် စုစုပေါင်း ၁၅ လရရှိမှာဖြစ်ပါသည်။
ဝန်ဆောင်ခ
-
ထိုင်းဘဏ်အကောင့်နှင့် အကောင့်ထဲတွင် သတ်မှတ်ထားသော ငွေပမာဏရှိသော နိုင်ငံခြားသားများအတွက် ဝန်ဆောင်ခ - ၄၂၀၀၀ ဘတ်
-
ထိုင်းဘဏ်အကောင့်နှင့် အကောင့်ထဲတွင် သတ်မှတ်ထားသော ငွေပမာဏ မရှိသေးသောနိုင်ငံခြားသားများ - ၅၂၀၀၀ ဘတ်မှစပါသည်။ (ဘဏ်အကောင့်ဖွင့်ပေးသည့်ဝန်ဆောင်ခမပါဝင်သေးပါ။)
လုပ်ဆောင်ရမည့် အဆင့်ဆင့်ကို အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးပေးခြင်း
ဆောင်ရွက်ပုံအဆင့်ဆင့်
အငြိမ်းစာဗီဇာလျှောက်ထားရာတွင်
- လက်ရှိထိုင်းနိုင်ငံတွင် အလည်ဗီဇာဖြင့်နေထိုင်နေသူဖြစ်ပါက (ပထမဆုံး ဗီဇာအမျိုးအစား ပြောင်းရန်လိုအပ်ပါသည်)
- လျှောက်ထားသူ၏ စာရွက်စာတမ်းများကို ကနဦး စစ်ဆေးပေးခြင်းနှင့် ဆွေးနွေးပေးခြင်း
- စာရွက်စာတမ်းများတင်ခြင်း
- စာရွက်စာတမ်းများကပြည့်စုံပါက အလည်ဗီဇာမှ အငြိမ်းစားဗီဇာသို့ ပြောင်းကာ ပထမဆုံး နေထိုင်ခွင့်ရက် ၉၀ ရရှိပါမည်။ ရက် ၉၀ပြည့်ပါက ထပ်မံသက်တမ်းတိုးလျှင် နေထိုင်ခွင့် နောက်ထပ် ၃၆၅ ရက် (၁နှစ်) ရပါမည်။ အစအဆုံးဆောက်ရွက်မှုများသည် အများဆုံး ရက်၂၀ သာကြာမြင့်မည်ဖြစ်ပါသည်။
- *စာရွက်စာတမ်းများတင်သည့်နေ့တွင် ဘဏ်အကောင့်စာရင်းသည် update ဖြစ်ရန်လိုပါသည်။
အငြိမ်းစာဗီဇာသက်တမ်းတိုးမည်ဆိုပါက
- လျှောက်ထားသူစာရွက်စာတမ်းများကို စစ်ဆေးပေးခြင်းနှင့် ဆွေးနွေးပေးခြင်း
- စာရွက်စာတမ်းများတင်ခြင်း
- စာရွက်စာတမ်းများပြည့်စုံပါက နေထိုင်ခွင့် ရက်ပေါင်း ၃၆၅ ရက် (၁နှစ်)ရှိသည့် အငြိမ်းစားဗီဇာ ရရှိပါမည်။ အငြိမ်းစားဗီဇာသက်တမ်းတိုးရန်အတွက် လုပ်ဆောင်မှုများသည် အများဆုံး ၇ရက်သာ ကြာမြင့်မည်ဖြစ်ပါသည်။
- *စာရွက်စာတမ်းများတင်သည့်နေ့တွင် ဘဏ်အကောင့်စာရင်းသည် update ဖြစ်ရန်လိုပါသည်။
လိုအပ်သောစာရွက်စာတမ်းများ
- မူရင်း ပတ်စပို့နှင့် ပတ်စပို့ စာမျက်နှာတိုင်းရဲ့မိတ္တူ
- ၄ x ၆ စင်တီမီတာ ဓာတ်ပုံတစ်ပုံ
- ထိုင်းနိုင်ငံ နေရပ်လိပ်စာနှင့် ဖုန်းနံပါတ်
- ဧည့်စာရင်းတိုင်စာ
- လျှောက်ထားသူနာမည်ပါသည့် အိမ်ငှားစာချုပ်
- အိမ်ပိုင်ရှင်ရဲ့ အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်မိတ္တူ *လက်ရှိနေထိုင်သောလိပ်စာနှင့် ငှားထားသောလိပ်စာမတူပါက ငှားထားသည့် နေရာမှ အိမ်ထောင်စုစာရင်းမိတ္တူ
- အရင်လများမှ ရေမီတာဘေလ်၊ မီးမီတာဘေလ်များ
- ဘတ် ၈ သိန်း အနည်းဆုံး ရက် ၆၀ ထည့်ထားသည့် ထိုင်းဘဏ်အကောင့်
သတ်မှတ်ချက်များ
- ထိုင်းဘဏ်အကောင့်ရှိပြီးသူဖြစ်ပါက အငြိမ်းစားဗီဇာ ဆောင်ရွက်ရန် လက်ရှိထိုင်းနိုင်ငံတွင် နေထိုင်နေသည့် ဗီဇာသက်တမ်း ၁၅ရက်ထက်မနည်း ကျန်ရှိရပါမည်။
- ထိုင်းဘဏ်အကောင့်မရှိသေးသူဖြစ်ပါက အငြိမ်းစားဗီဇာ ဆောင်ရွက်ရန် လက်ရှိထိုင်းနိုင်ငံတွင် နေထိုင်နေသည့် ဗီဇာသက်တမ်း ရက် ၃၀ ထက်မနည်း ကျန်ရှိရပါမည်။
အထက်ပါနှုန်းထားတွင် ပါဝင်သည်မှာ
- ဗီဇာလျှောက်ပေးသည့် ဝန်ဆောင်ခ
- အငြိမ်းစားဗီဇာအမျိုးအစားပြောင်းလဲခ
- အငြိမ်းစားဗီဇာ ၁ နှစ်သက်တမ်းတိုးခ
အထက်ပါနှုန်းထားတွင် မပါဝင်သေးသောဝန်ဆောင်မှုများမှာ
- ထိုင်းဘဏ်မှ ထောက်ခံစာ လုပ်ဆောင်ခ
- ဘဏ်တွင်အပ်ငွေလုပ်ဆောင်ခ
- ထိုင်းနိုင်ငံပြင်ပခရီးသွားရန် ပြန်လည်ဝင်ရောက်ခွင့် Re-entry permit လျှောက်ထားခြင်း ( Single entry အတွက် ဘတ် ၃၅၀၀ / multi entry အတွက် ဘတ် ၆၅၀၀)
เงื่อนไขสินค้า
အထက်ပါနှုန်းထားတွင်
- ဝန်ဆောင်ခ
- ဗီဇာအမျိုးအစားပြောင်းလဲခ
- ဗီဇာ ၁ နှစ်သက်တမ်းတိုးခ များပါဝင်ပြီးဖြစ်သည်။
အထက်ပါနှုန်းထားတွင်
- ထိုင်းဘဏ်မှ ထောက်ခံစာ လုပ်ဆောင်ခ
- ဘဏ်တွင်အပ်ငွေလုပ်ဆောင်ခ
- နိုင်ငံပြင်ဝင်ထွက်ခွင့်ဗီဇာ ( Single entry အတွက် ၂၅၀၀ ဘတ်/ multi entry အတွက် ၂၅၀၀ ဘတ်)