နိုင်ငံခြားသားများအတွက် ထိုင်းဘဏ်အကောင့်ဖွင့်ပေးသည့် ဝန်ဆောင်မှု
နိုင်ငံခြားသားများ ထိုင်းဘဏ်အကောင့်ဖွင့်ရန် မခက်ခဲသော်လည်း ထိုင်းနိုင်ငံတွင် လက်ရှိနေထိုင်နေသော ဗီဇာအမျိုးအစားအပေါ် မူတည်၍ ဘဏ်အကောင့်ဖွင့်ရန် လိုအပ်ချက်များနှင့် တောင်းခံသော စာရွက်စာတမ်းများ မတူညီပါ။
၁။ ထိုင်းနိုင်ငံတွင် အလည်ဗီဇာဖြင့် နေထိုင်နေသော နိုင်ငံခြားသားများသည် ကျန်းမာရေးအာမခံ သို့မဟုတ် အသက်အာမခံဝယ်ယူရန် ရည်ရွယ်ချက်အတွက်သာ ဘဏ်အကောင့်ဖွင့်နိုင်သည်။
၂။ Non-B၊ Non-O၊ Non-ED ကဲ့သို့သော နှစ်ရှည်ဗီဇာဖြင့်နေထိုင်နေသော နိုင်ငံခြားသားများသည် အာမခံဝယ်ယူရန်မလိုအပ်ပဲ ဘဏ်အကောင့်ဖွင့်နိုင်ပါသည်။
ဆောင်ရွက်ပုံအဆင့်ဆင့်
- လျှောက်ထားသူ၏ စာရွက်စာတမ်းများကို စစ်ဆေးပေးခြင်းနှင့် ဆွေးနွေးပေးခြင်း
- လိုချင်သောထိုင်းဘဏ်တွင် အကောင့်ဖွင့်ရန် ရက်ချိန်းပေးခြင်း
- ဘဏ်အကောင့်လျှောက်ထားပြီးသည်နှင့် ဘဏ်စာအုပ်ကို ချက်ခြင်းပေးအပ်ခြင်း
လိုအပ်သောစာရွက်စာတမ်းများ
အလည်ဗီဇာဖြင့် နေထိုင်နေသူများ
- မူရင်း ပတ်စပို့နှင့် ပတ်စပို့ စာမျက်နှာတိုင်းရဲ့မိတ္တူ
- ထိုင်းနေရပ်လိပ်စာ နှင့် ဖုန်းနံပါတ်
နှစ်ရှည်ဗီဇာဖြင့် နေထိုင်နေသူများ
- မူရင်း ပတ်စပို့နှင့် ပတ်စပို့ စာမျက်နှာတိုင်း၏ မိတ္တူ
- အလုပ်ဗီဇာနှင့် နေထိုင်ပါက အလုပ်ပါမစ်မူရင်း နှင့် စာမျက်နှာတိုင်း၏ မိတ္တူ
- ထိုင်းနေရပ်လိပ်စာ နှင့် ဖုန်းနံပါတ်
- အလုပ်ရှင်မှ ဘဏ်အကောင့်ဖွင့်ရန်ထောက်ခံချက် (အလုပ်ဗီဇာနှင့် နေထိုင်သူဖြစ်ပါက)
သတ်မှတ်ချက်များ
- ထိုင်းဘဏ်အကောင့်ဖွင့်ရန် လက်ရှိဗီဇာသက်တမ်း ရက် ၃၀ထက်မနည်း ကျန်ရှိရပါမည်။
- လျှောက်ထားသည့်ကြာချိန် - ခန့်မှန်းချေ ၁နာရီခွဲ မှ ၃နာရီ
အထက်ပါနှုန်းထားတွင် ပါဝင်သည်မှာ
- ဘဏ်အကောင့်ဖွင့်ပေးသည့်ဝန်ဆောင်ခ
- ဘဏ်ကတ်ဖိုး
- အာမခံသွင်းငွေ (အလည်ဗီဇာဖြင့် နေထိုင်သူဖြစ်ပါက)
အထက်ပါနှုန်းထားတွင် မပါဝင်သေးသောဝန်ဆောင်မှုများမှာ
เงื่อนไขสินค้า
အထက်ပါနှုန်းထားတွင် ပါဝင်သည်မှာ
- ဘဏ်အကောင့်ဖွင့်ပေးသည့်ဝန်ဆောင်ခ
- ဘဏ်ကတ်ဖိုး
- အာမခံသွင်းငွေ (အလည်ဗီဇာဖြင့် နေထိုင်သူဖြစ်ပါက)
အထက်ပါနှုန်းထားတွင် မပါဝင်သေးသောဝန်ဆောင်မှုများမှာ