• အကောင်းဆုံးရလဒ်များအတွက် အာမခံမှု
  • ထိုင်းဗီဇာနှင့် အလုပ်ပါမစ်လျှောက်ထားခြင်းအတွက် ဝန်ဆောင်မှုများအားလုံး တစ်နေရာထဲတွင် ရနိုင်ခြင်း
  • ကျွန်တော်တို့၏အတွေ့အကြုံရှိ ဝန်ထမ်းများမှ ထိုင်းနိုင်ငံဗီဇာနှင့် အလုပ်ပါမစ်များအတွက် အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ခြင်း

အသေးစိတ် စုံစမ်းမေးမြန်းလိုပါက အောက်ပါ Line App မှတဆင့် သို့မဟုတ် ဖုန်း ၀၂၇၉၂၉၂၉၂ ကိုဆက်သွယ်နိုင်ပါသည်။ ‌သို့မဟုတ် အောက်ပါဇယားကွက်ထဲတွင် လူကြီးမင်း၏ နာမည်၊ အီးမေးလ် နှင့် ဖုန်းနံပါတ်များ ဖြည့်သွင်းပေးပို့ထားပါက ကျွန်တော်တို့ဘက်မှ ပြန်လည်ဆက်သွယ်ပေးပါမည်။

top

จองทันที!

ထိုင်းနိုင်ငံတွင်း ပြန်လည်ဝင်ရောက်ခွင့် (Re-entry Permit) လျှောက်ထားခြင်း ဝန်ဆောင်မှု

ထိုင်းနိုင်ငံတွင်း အလည်ဗီဇာ၊ ယာယီနေထိုင်ခွင့်ဗီဇာဖြင့် နေထိုင်နေသော နိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံပြင်ပသို့ ခရီးသွားရောက်ရမည်ဆိုပါက ရရှိပြီးသား ဗီဇာအမျိုးအစားနှင့် ဗီဇာသက်တမ်းကို မပျက်သွားစေရန် ထိုင်းနိုင်ငံပြည်ပသို့ မထွက်ခွာမှီ ထိုင်းနိုင်ငံတွင်း ပြန်လည်ဝင်ရောက်ခွင့် (Re-entry Permit) ကိုလျှောက်ထားရန်လိုအပ်ပါသည်။ 
ထိုင်းနိုင်ငံတွင်း ပြန်လည်ဝင်ရောက်ခွင့် ၂ မျိုးရှိပါသည်။ ၎င်းတို့မှာ 

  • တစ်ကြိမ်ပြန်လည်ဝင်ရောက်ခွင့် (Single Re-Entry Permit) - ဆိုသည်မှာ ထိုင်းနိုင်ငံတွင်း တစ်ကြိမ် ပြန်လည်ဝင်ရောက်ခွင့် လျှောက်ထားခြင်းဖြစ်ပြီး ထိုင်းနိုင်ငံပြင်ပသို့ ခရီးထွက်စရာ သိပ်မလိုသူများနှင့် လက်ရှိဗီဇာသက်တမ်းမှာ ကုန်ခါနီးနေသော နိုင်ငံခြားသားများအတွက် သင့်တော်ပါသည်။ ၎င်းသက်တမ်းသည် လက်ရှိဗီဇာသက်တမ်းရှိသလောက် အကျုံးဝင်ပါသည်။
  • ကြိမ်ဖန်များစွာပြန်လည်ဝင်ရောက်နိုင်ခွင့် (Multiple Re-Entry Permit) - ဆိုသည်မှာ ထိုင်းနိုင်ငံတွင်း တစ်ကြိမ်မက ပြန်လည်ဝင်ရောက်နိုင်ခွင့်ကို လျှောက်ထားခြင်းဖြစ်ပြီး ထိုင်းနိုင်ငံပြင်ပသို့ ခရီးမကြာခဏထွက်ရန်လိုအပ်သော နိုင်ငံခြားသားများ နှင့် လက်ရှိဗီဇာသက်တမ်း ကျန်နေသေးသော သူများလျှောက်ထားရန်သင့်တော်ပါသည်။ ၎င်းသက်တမ်းသည် လက်ရှိဗီဇာသက်တမ်းရှိသလောက် အကျုံးဝင်ပြီး ထိုကာလအတွင်း တစ်ကြိမ်မက ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်နိုင်ပါသည်။

ဆောင်ရွက်ပုံအဆင့်ဆင့်မှာအောက်ပါအတိုင်းဖြစ်ပါသည်။

  • ကနဦးဆွေးနွေးပေးကာ ဗီဇာလျှောက်ထားရန်အတွက် ဘိုကင်တင်ကာ ငွေပေးချေခြင်း
  • စာတိုက် သို့မဟုတ် အီးမေလ်မှ လိုအပ်သော စာရွက်စာတမ်းများကို ကျွန်တော်တို့ထံပေးပို့ခြင်း
  • ၎င်းစာရွက်များကို လက်ခံစစ်ဆေးပြီးနောက် လူဝင်မှုကြီးကြပ်ရေးရုံးတွင် ကျွန်တော်တို့နှင့်အတူ လျှောက်ထားသူကိုယ်တိုင်လိုက်ပါ၍ လက်မှတ်ထိုးထားသော စာရွက်စာတမ်းများနှင့်တကွ လျှောက်လွှာတင်ခြင်း၊
  • လျှောက်လွှာတင်၊ ဆောင်ရွက်ချိန်မှာ ၁နာရီ မှ ၂ နာရီ အတွင်း ဖြစ်ပါသည်။
  • ၎င်းနောက်တွင် နိုင်ငံကူးလက်မှတ်ကို ထိုင်းနိုင်ငံတွင်း ပြန်လည်ဝင်ရောက်ခွင့်တံဆိပ်တုံးထုပေးကာ ပြန်လည်ပေးအပ်ပါသည်။

ဝန်ဆောင်ခ

  • တစ်ကြိမ်ပြန်လည်ဝင်ရောက်ခွင့် (Single Re-Entry) အတွက် ဘတ်၃၅၀၀
  • ကြိမ်ဖန်များစွာပြန်လည်ဝင်ရောက်နိုင်ခွင့် (Multiple Re-Entry) အတွက် ဘတ်၆၅၀၀

လိုအပ်သောစာရွက်စာတမ်းများ

  • ထိုင်းနိုင်ငံသို့ပြန်လည်ဝင်ရောက်ခွင့်လျှောက်လွှာ
  • နိုင်ငံကူးလက်မှတ်မိတ္တူနှင့် စာမျက်နှာတိုင်း၏မိတ္တူ
  • အဖြူရောင်နောက်ခံဖြင့်ရိုက်ထားသော ပတ်စပို့ဓာတ်ပုံတစ်ပုံ
  • ဧည့်စာရင်းတိုင်စာမိတ္တူ

ထိုင်းနိုင်ငံပြန်လည်ဝင်‌ရောက်ခွင့်လျှောက်ထားခြင်းအတွက် အကြံပေးချက်များ

လက်ရှိဗီဇာဖြင့်ဆက်လက်နေထိုင်နိုင်ရန် ထိုင်းနိုင်ငံပြန်လည်ဝင်‌ရောက်ခွင့်လျှောက်ထားရာတွင် လက်ရှိဗီဇာသက်တမ်းမှာ ကုန်ခါနီးဖြစ်နေပါက တစ်ကြိမ်ပြန်လည်ဝင်ရောက်ခွင့် လျှောက်ထားရန်သင့်တော်ပြီး လက်ရှိဗီဇာမှာ ကာလရှည်ဗီဇာအမျိုးအစား ဖြစ်ပါက ကြိမ်ဖန်များစွာပြန်လည်ဝင်ရောက်နိုင်ခွင့်ကို လျှောက်ထားသင့်ပါသည်။ သို့မဟုတ် ထိုင်းနိုင်ငံပြင်ပသို့ မကြာခဏ ခရီးထွက်ရန်လိုအပ်သူဖြစ်ပါက ကြိမ်ဖန်များစွာပြန်လည်ဝင်ရောက်နိုင်ခွင့်လျှောက်ထားရန် သင့်တော်ပြီး ထိုင်းနိုင်ငံပြင်ပသို့ ခရီးတစ်ခါသာထွက်ရန် လိုအပ်သူဖြစ်ပါက တစ်ကြိမ်ပြန်လည်ဝင်ရောက်ခွင့်လျှောက်ထားခြင်းက ပို၍သင့်တော်ပါသည်။ နေထိုင်ခွင့် ရက် ၉၀ ထက်မကျော်သော ဗီဇာအမျိုးအစားဖြင့် ထိုင်းနိုင်ငံတွင်း ရောက်ရှိနေသော နိုင်ငံခြားသားများအနေဖြင့်လည်း ကျန်ရှိနေသော ဗီဇာသက်တမ်းကာလအတွင်း ထိုင်းနိုင်ငံပြင်ပသို့ ထွက်ရန်လိုအပ်ပါက ပြန်လည်ဝင်ရောက်ခွင့်လျှောက်ထားကာ လက်ရှိဗီဇာဖြင့် နိုင်ငံတွင်း ပြန်လည်ဝင်ရောက်နိုင်ပါသည်။


အထက်ပါနှုန်းထားတွင် ပါဝင်သည်မှာ

  • ဗီဇာလျှောက်ပေးသည့် ဝန်ဆောင်ခ

အထက်ပါနှုန်းထားတွင် မပါဝင်သေးသောဝန်ဆောင်မှုများမှာ

  • စာရွက်စာတမ်းပို့ဆောင်ခ

เงื่อนไขสินค้า

หากคุณต้องการข้อมูลเพิ่มเติมเกี่ยวกับเงื่อนไขของสินค้านี้กรุณาติดต่อเราได้ที่ Call Center. 02-792-9292

แชร์ สินค้านี้

TRIP INFORMATION

ลงทะเบียนรับข่าวสาร WonderfulPackage วันนี้!

รับสิทธิพิเศษและส่วนลดมากมาย เหนือกว่าใคร!