• အကောင်းဆုံးရလဒ်များအတွက် အာမခံမှု
  • ထိုင်းဗီဇာနှင့် အလုပ်ပါမစ်လျှောက်ထားခြင်းအတွက် ဝန်ဆောင်မှုများအားလုံး တစ်နေရာထဲတွင် ရနိုင်ခြင်း
  • ကျွန်တော်တို့၏အတွေ့အကြုံရှိ ဝန်ထမ်းများမှ ထိုင်းနိုင်ငံဗီဇာနှင့် အလုပ်ပါမစ်များအတွက် အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ခြင်း

အသေးစိတ် စုံစမ်းမေးမြန်းလိုပါက အောက်ပါ Line App မှတဆင့် သို့မဟုတ် ဖုန်း ၀၂၇၉၂၉၂၉၂ ကိုဆက်သွယ်နိုင်ပါသည်။ ‌သို့မဟုတ် အောက်ပါဇယားကွက်ထဲတွင် လူကြီးမင်း၏ နာမည်၊ အီးမေးလ် နှင့် ဖုန်းနံပါတ်များ ဖြည့်သွင်းပေးပို့ထားပါက ကျွန်တော်တို့ဘက်မှ ပြန်လည်ဆက်သွယ်ပေးပါမည်။

top

จองทันที!

နိုင်ငံခြားသားများကိုယ်စား ထိုင်းနိုင်ငံပြင်ပမှ ထိုင်းနိုင်ငံအလုပ်ပါမစ်စာရွက် (WP 32) လျှောက်ထားခြင်း ဝန်ဆောင်မှု 

ထိုင်းနိုင်ငံတွင်း နေထိုင်ကာ အလုပ်လုပ်လိုသော နိုင်ငံခြားသားများသည် အလုပ်ဗီဇာရထားရန်လိုအပ်ပြီး အလုပ်ဗီဇာရရှိရန်အတွက် ထိုင်းနိုင်ငံတွင်း မဝင်ရောက်မှီ အလုပ်ရှင် သို့မဟုတ် ကုမ္ပဏီမှ ထိုနိုင်ငံခြားသားများ၏ ကိုယ်စား WP 32 ဖောင်ဖြင့် အလုပ်ပါမစ်ကိုလျှောက်ထားကာ ၎င်းတို့ထံသို့ပေးပို့ပြီး ထို WP 32 ကို မိမိတို့နိုင်ငံရှိ ထိုင်းသံရုံးတွင်တင်ကာ အလုပ်ဗီဇာ (Non-B) လျှောက်ထားရပါမည်။ အလုပ်ဗီဇာ (Non-B) သည် ရက် ၉၀ နေထိုင်ခွင့်ရှိပြီး ၎င်းအလုပ်ဗီဇာရရှိပြီးသည်နှင့် ထိုင်းနိုင်ငံသို့ လာရောက်ကာ WP 32 ရရှိသည့်ရက်မှ ရက် ၃၀ အတွင်း အလုပ်ပါမစ်လျှောက်ထားရန် လိုအပ်ပါသည်။ အကယ်၍ WP 32 ရရှိသည့်ရက်မှ ရက် ၃၀ အတွင်း အလုပ်ပါမစ်ကို မလျှောက်ထားနိုင်ပါက ယခင်စာရွက်စာတမ်းများကို ပယ်ဖျက်ကာ WP 25 ကိုသုံး၍ အလုပ်ပါမစ်ကိုလျှောက်ထားရပါမည်။


ဆောင်ရွက်ပုံအဆင့်ဆင့်

  1. ကနဦးဆွေးနွေးပေးကာ အလုပ်ပါမစ်လျှောက်ထားရန်အတွက် ဘိုကင်တင်ကာ ငွေပေးချေခြင်း
  2. စာတိုက် သို့မဟုတ် အီးမေလ်မှ လိုအပ်သော စာရွက်စာတမ်းများကို ကျွန်တော်တို့ထံပေးပို့ခြင်း
  3. ၎င်းစာရွက်များကို လက်ခံစစ်ဆေးပြီးနောက် အလုပ်သမားရေးရာဌာနတွင် လျှောက်လွှာတင်ခြင်း၊
  4. လျှောက်ထားပြီးချိန်မှ ၃ ရက်မှ ၇ ရက်အတွင်း အလုပ်သမားရေးရာဌာနမှ ခွင့်ပြုချက်ရမည်ဖြစ်သည်။
  5. WP 32 ခွင့်ပြုချက်ရပြီးနောက် လျှောက်ထားသူထံသို့ ပေးပို့ပါသည်။ (WP 32 သည် ထုတ်ပေးသည့်ရက်မှ ရက်၃၀ သာ အကျုံးဝင်ပါသည်။)
  6. WP 32 နှင့်တကွ ကုမ္ပဏီစာရွက်စာတမ်းများကို လျှောက်ထားသူမှ မိမိနိုင်ငံရှိ ထိုင်းသံရုံးတွင် တင်ကာ အလုပ်ဗီဇာ လျှောက်ထားရပါမည်။
  7. အလုပ်ဗီဇာ (ရက် ၉၀ နေထိုင်ခွင့်) ရပြီးသည်နှင့် ထိုင်းနိုင်ငံသို့ လာရောက်ရပါမည်။
  8. ထိုင်းနိုင်ငံ‌ရောက်ရှိသည်နှင့် ဆေးရုံတွင် ဆေးစစ်ချက်ရယူကာ အလုပ်ပါမစ်လျှောက်ထားရပါမည်။
  9. အလုပ်ပါမစ်ခွင့်ပြုချက်ရရန် ကြာချိန်မှာ ၃ ရက်မှ ၇ရက်အတွင်းဖြစ်ပါသည်။
  10. ခွင့်ပြုချက်ကျလာပြီးသည်နှင့် အလုပ်သမားရုံးတွင် အလုပ်ပါမစ်ကို သွားယူပေးပါသည်။


ဝန်ဆောင်ခ

နိုင်ငံခြားသားကိုယ်စား ထိုင်းနိုင်ငံပြင်ပမှ အလုပ်ပါမစ်လျှောက်ထားခြင်းအတွက် ဝန်ဆောင်ခမှာအောက်ပါအတိုင်းဖြစ်ပါသည်။

  • WP 32 အတွက် ဘတ် ၁၀၀၀၀
  • WP 32 နှင့် အလုပ်ပါမစ်စာအုပ်အတွက် ဘတ် ၂၂၀၀၀

လိုအပ်သောစာရွက်စာတမ်းများ

နိုင်ငံခြားသားများကိုယ်စား ထိုင်းနိုင်ငံပြင်ပမှ ထိုင်းနိုင်ငံအလုပ်ပါမစ်စာရွက် (WP 32) လျှောက်ထားခြင်းအတွက် လိုအပ်သော စာရွက်စာတမ်းများ

ထိုင်းနိုင်ငံတွင်းသို့မဝင်ရောက်မှီ လိုအပ်သောစာရွက်စာတမ်းများ

(အချက်အလက်များပြည့်စုံစွာဖြည့်ထားသော) WP 32 လျှောက်လွှာ 

ဝန်ထမ်းထံမှလိုအပ်သော စာရွက်စာတမ်းများ

  •  နိုင်ငံကူးလက်မှတ်မိတ္တူနှင့် စာမျက်နှာတိုင်း၏မိတ္တူ
  •  အဖြူရောင်နောက်ခံဖြင့်ရိုက်ထားသော ပတ်စပို့ဓာတ်ပုံ ၄ ပုံ
  • ဘွဲ့လက်မှတ်မိတ္တူ
  • ကိုယ်ရေးအကျဥ်း

ကုမ္ပဏီထံမှလိုအပ်သော စာရွက်စာတမ်းများ

  • ကုမ္ပဏီမှတ်ပုံတင်လိုင်စင်
  • ကုမ္ပဏီအဖွဲ့ဝင်စာရင်း
  • P.K.0401 လျှောက်လွှာစာရွက်
  • ကုမ္ပဏီအခွန်မှတ်ပုံတင်လက်မှတ်
  • P.P.09 မိတ္တူ
  • ကုမ္ပဏီအရှုံးအမြတ်စာရင်း
  • ကုမ္ပဏီဝင်ငွေခွန်မိတ္တူ (မိတ္တူပေါ်တွင် ဒါရိုက်တာ၏လက်မှတ်နှင့် တံဆိပ်တုံးပါရှိရပါမည်။)
  • ကုမ္ပဏီကိုယ်စားလှယ်လွှဲစာ နှင့် ဒါရိုက်တာ၏ မှတ်ပုံတင်မိတ္တူ
  • ထိုင်းနှင့် နိုင်ငံခြားသား ဝန်ထမ်းများ၏ လွန်ခဲ့သော ၃လမှ ကိုယ်ပိုင်ဝင်ငွေခွန်စာရင်း
  • လွန်ခဲ့သော ၃ လ အတွင်းဆောင်ထားသည့် လူမှုဖူလုံရေးတွင် ပေးဆောင်ထားသည့် မှတ်တမ်းမိတ္တူများ SSO.1-10
  • လွန်ခဲ့သော ၃ လအတွင်း အခွန်ဆောင်ထားသည့်စာရင်းမိတ္တူ PP.30 သို့မဟုတ် PP.36
  • ကုမ္ပဏီတည်နေရာမြေပုံ
  • ကုမ္ပဏီအဆောက်အဦး၊ ဘေးပတ်ဝန်းကျင်၊ ကုမ္ပဏီဆိုင်းဘုတ်နှင့် တည်နေရာကို ရိုက်ပြထားသော ဓာတ်ပုံ ၆ပုံ ၇ပုံ၊ ဒါရိုက်တာများ၊ ထိုင်းဝန်ထမ်းများနှင့် အတူတွဲရိုက်ထားသော နိုင်ငံခြားသားဝန်ထမ်း၏ ဓာတ်ပုံ ၂ပုံ ၄ပုံ

*ကုမ္ပဏီနှင့်သက်ဆိုင်သော အချက်အလက်မိတ္တူစာရွက်တိုင်းကို ကုမ္ပဏီ၏ဒါရိုက်တာမှ အသိအမှတ်ပြု လက်မှတ်ရေးထိုးရပါမည်။

ထိုင်းနိုင်ငံကိုရောက်ပြီးနောက် လိုအပ်သောစာရွက်စာတမ်းများ

  • နိုင်ငံကူးလက်မှတ်မူရင်း
  • ပတ်စပို့ စာမျက်နှာတိုင်းရဲ့မိတ္တူ
  • ကိုယ်စားလှယ်လွှဲအပ်စာ
  • ဆေးစစ်ချက်

အထက်ပါနှုန်းထားတွင် ပါဝင်သည်မှာ

  • ဗီဇာလျှောက်ပေးသည့် ဝန်ဆောင်ခ

အထက်ပါနှုန်းထားတွင် မပါဝင်သေးသောဝန်ဆောင်မှုများမှာ

  • စာရွက်စာတမ်းပို့ဆောင်ခ

    เงื่อนไขสินค้า

    หากคุณต้องการข้อมูลเพิ่มเติมเกี่ยวกับเงื่อนไขของสินค้านี้กรุณาติดต่อเราได้ที่ Call Center. 02-792-9292

    แชร์ สินค้านี้

    TRIP INFORMATION

    ลงทะเบียนรับข่าวสาร WonderfulPackage วันนี้!

    รับสิทธิพิเศษและส่วนลดมากมาย เหนือกว่าใคร!