• အကောင်းဆုံးရလဒ်များအတွက် အာမခံမှု
  • ထိုင်းဗီဇာနှင့် အလုပ်ပါမစ်လျှောက်ထားခြင်းအတွက် ဝန်ဆောင်မှုများအားလုံး တစ်နေရာထဲတွင် ရနိုင်ခြင်း
  • ကျွန်တော်တို့၏အတွေ့အကြုံရှိ ဝန်ထမ်းများမှ ထိုင်းနိုင်ငံဗီဇာနှင့် အလုပ်ပါမစ်များအတွက် အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ခြင်း

အသေးစိတ် စုံစမ်းမေးမြန်းလိုပါက အောက်ပါ Line App မှတဆင့် သို့မဟုတ် ဖုန်း ၀၂၇၉၂၉၂၉၂ ကိုဆက်သွယ်နိုင်ပါသည်။ ‌သို့မဟုတ် အောက်ပါဇယားကွက်ထဲတွင် လူကြီးမင်း၏ နာမည်၊ အီးမေးလ် နှင့် ဖုန်းနံပါတ်များ ဖြည့်သွင်းပေးပို့ထားပါက ကျွန်တော်တို့ဘက်မှ ပြန်လည်ဆက်သွယ်ပေးပါမည်။

top

จองทันที!

ထိုင်းနိုင်ငံတွင်းမှ အလုပ်ပါမစ်လျှောက်ပေးသည့်ဝန်ဆောင်မှု

ထိုင်းနိုင်ငံတွင်း နေထိုင်ကာ အလုပ်လုပ်လိုသော နိုင်ငံခြားသားများသည် အလုပ်ဗီဇာရထားရန်လိုအပ်ပြီး အလုပ်ဗီဇာရရှိရန်အတွက် ထိုင်းနိုင်ငံတွင်း မဝင်ရောက်မှီ အလုပ်ရှင် သို့မဟုတ် ကုမ္ပဏီမှ အလုပ်ခန့်အပ်သည့် စာချုပ်နှင့် ကုမ္ပဏီ ဆိုင်ရာအချက်အလက်များကို ၎င်းတို့ထံသို့ပေးပို့ပြီး နိုင်ငံခြားသားများမှ မိမိတို့နိုင်ငံရှိ ထိုင်းသံရုံးတွင်တင်ကာ အလုပ်ဗီဇာ (Non-B) လျှောက်ထားရပါမည်။ အလုပ်ဗီဇာ (Non-B) ရရှိပြီးသည်နှင့် ထိုင်းနိုင်ငံသို့ လာရောက်ကာ ပုံစံ ၂၅ လျှောက်လွှာကိုသုံး၍ အလုပ်ပါမစ်ကိုလျှောက်ရပါမည်။
အကယ်၍ ထိုင်းနိုင်ငံတွင်း နေထိုင်ခွင့်ရရှိပြီးသော သို့မဟုတ် နိုင်ငံခြားသားမှတ်ပုံတင်ကတ်ရရှိပြီးသော သို့မဟုတ် လက်ရှိတွင် ထိုင်းနိုင်ငံသားနှင့် လက်ထပ်ထားသည့် မှီခိုဗီဇာဖြင့် နေထိုင်နေသော နိုင်ငံခြားသားများ သို့မဟုတ် ထိုင်းနိုင်ငံသားအဖြစ် နေထိုင်နေသည့် ကလေးရှိသော နိုင်ငံခြားသားများ ဖြစ်ပါက အလုပ်ဗီဇာလျှောက်ထားရန် မလိုအပ်ပဲ ပုံစံ ၂၅ လျှောက်လွှာကိုသုံး၍ အလုပ်ပါမစ်လျှောက်ထားနိုင်ပါသည်။


ဝန်ဆောင်ခ

ထိုင်းနိုင်ငံတွင်းအလုပ်ပါမစ်လျှောက်ထားခြင်းအတွက် ဝန်ဆောင်ခ ၁၅၅၀၀ ဘတ်


ဆောင်ရွက်ပုံအဆင့်ဆင့်

  • ကနဦးဆွေးနွေးပေးကာ အလုပ်ပါမစ်လျှောက်ထားရန်အတွက် ဘိုကင်တင်ကာ ငွေပေးချေခြင်း
  • စာတိုက် သို့မဟုတ် အီးမေလ်မှ လိုအပ်သော စာရွက်စာတမ်းများကို ကျွန်တော်တို့ထံပေးပို့ခြင်း
  • ၎င်းစာရွက်များကို လက်ခံစစ်ဆေးပြီးနောက် အလုပ်သမားရေးရာဌာနတွင် လျှောက်လွှာတင်ခြင်း၊
  • လျှောက်ထားပြီးချိန်မှ ၃ ရက်မှ ၇ ရက်အတွင်း အလုပ်သမားရေးရာဌာနမှ ခွင့်ပြုချက်ရမည်ဖြစ်ပြီး လျှောက်ထားသူမှာ တရုတ် သို့မဟုတ် အိန္ဒိယလူမျိုးဖြစ်ပါက ခွင့်ပြုရန်စောင့်ဆိုင်းကာလမှာ ရက် ၃၀ - ၄၅ ရက်ဖြစ်ပါသည်။
  • လျှောက်ထားသူကိုယ်တိုင် အလုပ်သမားရုံးတွင် စာရွက်စာတမ်းများကိုလာရောက်ထုတ်ယူရပါမည်။

Processing Time

  • လျှောက်ထားသည့်ကြာချိန် - ၃ ရက်မှ ၇ ရက်အတွင်း (တရုတ် သို့မဟုတ် အိန္ဒိယလူမျိုးဖြစ်ပါက ရက် ၃၀ - ၄၅ ရက်)


လိုအပ်သော စာရွက်စာတမ်းများ

1.(အချက်အလက်များပြည့်စုံစွာဖြည့်ထားသော) ပုံစံ ၂၅ လျှောက်လွှာ 

2.ဝန်ထမ်းထံမှလိုအပ်သော စာရွက်စာတမ်းများ

  • အဖြူရောင်နောက်ခံဖြင့်ရိုက်ထားသော ပတ်စပို့ဓာတ်ပုံ ၄ ပုံ
  • နိုင်ငံကူးလက်မှတ်မိတ္တူနှင့် စာမျက်နှာတိုင်း၏မိတ္တူ
  • ဘွဲ့လက်မှတ်မိတ္တူ
  • ကိုယ်ရေးအကျဥ်း
  • ထိုင်းနိုင်ငံသားနှင့် လက်ထပ်ထားသည့် မှီခိုဗီဇာဖြင့် နေထိုင်နေပါက လက်ထပ်စာချုပ်နှင့် ထိုင်းနိုင်ငံသားအိမ်ထောင်ဖက်၏ နိုင်ငံသားမှတ်ပုံတင်ကတ်မိတ္တူ
  • ထိုင်းနိုင်ငံသားအဖြစ် နေထိုင်နေသည့် ကလေးရှိသော နိုင်ငံခြားသားများ မှီခိုဗီဇာဖြင့် နေထိုင်နေပါက ကလေး၏မွေးစာရင်း၊ ကလေး၏ အိမ်ထောင်စုစာရင်း၊ လက်ထပ်စာချူပ်နှင့် ထိုင်းနိုင်ငံသားအိမ်ထောင်ဖက်၏ နိုင်ငံသားမှတ်ပုံတင်ကတ်မိတ္တူ

3.ကုမ္ပဏီထံမှလိုအပ်သော စာရွက်စာတမ်းများ

  • ကုမ္ပဏီမှတ်ပုံတင်လိုင်စင်
  • ကုမ္ပဏီအဖွဲ့ဝင်စာရင်း
  • P.K.0401 လျှောက်လွှာစာရွက်
  • ကုမ္ပဏီအခွန်မှတ်ပုံတင်လက်မှတ်
  • P.P.09 မိတ္တူ
  • ကုမ္ပဏီအရှုံးအမြတ်စာရင်း
  • ကုမ္ပဏီဝင်ငွေခွန်မိတ္တူ (မိတ္တူပေါ်တွင် ဒါရိုက်တာ၏လက်မှတ်နှင့် တံဆိပ်တုံးပါရှိရပါမည်။)
  • ကုမ္ပဏီကိုယ်စားလှယ်လွှဲစာ နှင့် ဒါရိုက်တာ၏ မှတ်ပုံတင်မိတ္တူ
  • ထိုင်းနှင့် နိုင်ငံခြားသား ဝန်ထမ်းများ၏ လွန်ခဲ့သော ၃လမှ ကိုယ်ပိုင်ဝင်ငွေခွန်စာရင်း
  • လွန်ခဲ့သော ၃ လ အတွင်းဆောင်ထားသည့် လူမှုဖူလုံရေးတွင် ပေးဆောင်ထားသည့် မှတ်တမ်းမိတ္တူများ SSO.1-10
  • လွန်ခဲ့သော ၃ လအတွင်း အခွန်ဆောင်ထားသည့်စာရင်းမိတ္တူ PP.30 သို့မဟုတ် PP.36
  • ကုမ္ပဏီတည်နေရာမြေပုံ
  • ကုမ္ပဏီအဆောက်အဦး၊ ဘေးပတ်ဝန်းကျင်၊ ကုမ္ပဏီဆိုင်းဘုတ်နှင့် တည်နေရာကို ရိုက်ပြထားသော ဓာတ်ပုံ ၆ပုံ ၇ပုံ၊ ဒါရိုက်တာများ၊ ထိုင်းဝန်ထမ်းများနှင့် အတူတွဲရိုက်ထားသော နိုင်ငံခြားသားဝန်ထမ်း၏ ဓာတ်ပုံ ၂ပုံ ၄ပုံ

ထိုင်းအလုပ်ပါမစ်လျှောက်ထားရာတွင် သိထားသင့်သည့်အချက်များ

  • ကနဦးအလုပ်ပါမစ်လျှောက်ထားသည့်အခါ သက်ဆိုင်ရာမှ ကုမ္ပဏီ၏ ယခင်လုပ်ဆောင်ချက်များနှင့် တင်ထားသောအချက်အလက်များ အပေါ်မူတည်ပြီး စစချင်း အလုပ်ပါမစ်ကို ၆လသာ ပေးနိုင်ပါသည်။ နောက်တစ်ခေါက်သက်တမ်းတိုးသည့်အခါ လိုအပ်သောအချက်အလက်များကို သတ်မှတ်ပေးပါလိမ့်မည်။
  • ထိုင်းနိုင်ငံသားနှင့် လက်ထပ်ထားသည့် မှီခိုဗီဇာဖြင့် နေထိုင်နေသော နိုင်ငံခြားသားများ သို့မဟုတ် ထိုင်းနိုင်ငံသားအဖြစ် နေထိုင်နေသည့် ကလေးရှိသော နိုင်ငံခြားသားများ ဖြစ်ပါက အလုပ်ဗီဇာလျှောက်ထားရာတွင် လိုအပ်သည့် စာရွက်စာတမ်းများမှာ အလုပ်ဗီဇာဖြင့် လျှောက်ထားသည်နှင့် လုပ်ငန်းစဥ်တူညီပါသည်။
  • လက်ရှိ ကုမ္ပဏီတွင် ငွေကြေးဆိုင်ရာအခက်အခဲများရှိပါက သို့မဟုတ် ကုမ္ပဏီဖွင့်သည့် ပထမဆုံးနှစ်ဖြစ်နေပါက ကုမ္ပဏီထံမှ ရှင်းပြချက်ဖြင့် လျှောက်ထားနိုင်ပါသည်။ သို့သော် ရလဒ်မှာ သက်ဆိုင်ရာလူကြီးများ၏ ဆုံးဖြတ်ချက်အပေါ်သာမူတည်ပါသည်။

เงื่อนไขสินค้า

แชร์ สินค้านี้

TRIP INFORMATION

ลงทะเบียนรับข่าวสาร WonderfulPackage วันนี้!

รับสิทธิพิเศษและส่วนลดมากมาย เหนือกว่าใคร!