• အကောင်းဆုံးရလဒ်များအတွက် အာမခံမှု
  • ထိုင်းဗီဇာနှင့် အလုပ်ပါမစ်လျှောက်ထားခြင်းအတွက် ဝန်ဆောင်မှုများအားလုံး တစ်နေရာထဲတွင် ရနိုင်ခြင်း
  • ကျွန်တော်တို့၏အတွေ့အကြုံရှိ ဝန်ထမ်းများမှ ထိုင်းနိုင်ငံဗီဇာနှင့် အလုပ်ပါမစ်များအတွက် အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ခြင်း

အသေးစိတ် စုံစမ်းမေးမြန်းလိုပါက အောက်ပါ Line App မှတဆင့် သို့မဟုတ် ဖုန်း ၀၂၇၉၂၉၂၉၂ ကိုဆက်သွယ်နိုင်ပါသည်။ ‌သို့မဟုတ် အောက်ပါဇယားကွက်ထဲတွင် လူကြီးမင်း၏ နာမည်၊ အီးမေးလ် နှင့် ဖုန်းနံပါတ်များ ဖြည့်သွင်းပေးပို့ထားပါက ကျွန်တော်တို့ဘက်မှ ပြန်လည်ဆက်သွယ်ပေးပါမည်။

top

จองทันที!

အလည်ဗီဇာသက်တမ်းတိုးပေးသည့် ဝန်ဆောင်မှု

ထိုင်းနိုင်ငံတွင်း လည်ပတ်အနားယူဖို့အတွက် အလည်ဗီဇာကို ထပ်ပြီးသက်တမ်းတိုးချင်တယ်ဆိုရင် လက်ရှိဗီဇာရဲ့ သက်တမ်းကုန်မယ့် ရက်ကနေ နောက်ထပ်ရက် ၃၀ သက်တမ်းတိုးပြီး ထိုင်းနိုင်ငံတွင်းမှာ ဆက်နေလို့ရပါတယ်။ အလည်ဗီဇာသက်တမ်းတိုးရန်အတွက် သက်တမ်းတိုးရတဲ့ ရည်ရွယ်ချက်၊ ထိုင်းနိုင်ငံသို့ ဝင်လာ‌ချိန်တွင် အသုံးပြုထားသည့် ဗီဇာအမျိုးအစားနှင့် လျှောက်ထားသူ၏ နိုင်ငံသားခံယူထားသည့် အပေါ်လိုက်၍ လူဝင်မှုကြီးကြပ်ရေးမှ တာဝန်ရှိသူများက ထည့်သွင်းစဥ်းစားကာ သက်တမ်းတိုးခွင့်ကို ဆုံးဖြတ်ပေးပါသည်။ နောက်ဆုံးကြေငြာထားချက်အရ ၉၃ နိုင်ငံမှ နိုင်ငံသားများ ဗီဇာကင်းလွတ်ခွင့်ဖြင့်နေထိုင်ခွင့်ကို ရက် ၆၀ အထိ တိုးမြင့်ပေးထားပြီးဖြစ်ပါသည်။ ရက် ၆၀ နောက်ပိုင်းတွင်လည်း ဗီဇာသက်တမ်း ရက်၃၀ကို ထပ်မံတိုးခွင့်ပေးထားပါသေးသည်။ တစ်ချို့သောနိုင်ငံသားများအတွက် ဗီဇာတိုးမည်ဆိုပါက မိမိတို့သက်ဆိုင်ရာနိုင်ငံ၏ သံရုံးမှထောက်ခံစာလိုအပ်ပါသည်။ ဗီဇာသက်တမ်းတိုးခွင့်ပြုချက်သည် လူဝင်မှုကြီးကြပ်ရေးမှုးမှ ချမှတ်ထားသော စည်းမျဥ်းဥပ‌ဒေနှင့် အခြေအနေများဖြင့်သက်ဆိုင်ပါသည်။


ဆောင်ရွက်ပုံအဆင့်ဆင့်:

  • ကနဦးဆွေးနွေးပေးကာ အလုပ်ပါမစ်လျှောက်ထားရန်အတွက် ဘိုကင်တင်ကာ ငွေပေးချေခြင်း
  • စာတိုက် သို့မဟုတ် အီးမေလ်မှ လိုအပ်သော စာရွက်စာတမ်းများကို ကျွန်တော်တို့ထံပေးပို့ခြင်း
  • ၎င်းစာရွက်များကို လက်ခံစစ်ဆေးပြီးနောက် ကျွန်တော်တို့ကျွမ်းကျင်ဝန်ထမ်းများမှ လျှောက်ထားသူနှင့်အတူ လိုက်၍ လူဝင်မှုကြီးကြပ်ရေးရုံးတွင် အလည်ဗီဇာသက်တမ်းတို
  • လျှောက်လွှာတင်ခြင်း၊
  • လျှောက်ထားချိန်ခန့်မှန်းချေ ၁ - ၂ နာရီ
  • ထို့နောက် ပတ်စပို့ကိုပြန်လည်ပေးအပ်ကာ သက်တမ်းတိုးခြင်းပြီးပါပြီ။

လျှောက်ထားသည့်ကြာချိန်: 

  • ၁ နာရီမှ ၂ နာရီအတွင်း

ဝန်ဆောင်ခ

  • ဘတ် ၁၂၀၀၀ 

အလည်ဗီဇာလျှောက်ထားရန်အတွက် လိုအပ်သောစာရွက်စာတမ်းများ

1. ထိုင်းနိုင်ငံတွင်း နေထိုင်ခွင့်ပြုရန်လျှောက်လွှာ (TM.7)
2. ထိုင်းနိုင်ငံတွင်းနေထိုင်ရန်အတွက် အခြေအနေများနှင့် လိုအပ်ချက်များ သိရှိကြောင်းလျှောက်လွှာ (Form TM.2)
3. ရက်ကျော်နေထိုင်ခြင်းမရှိသည်ကို သိရှိကြောင်းလျှောက်လွှာ
4. နိုင်ငံကူးလက်မှတ်၏ ကိုယ်ရေးအကျဥ်းစာမျက်နှာနှင့် အဝင်အထွက်တုံးများထုထားသည့် စာမျက်နှာများ၏ မိတ္တူ
5. ၄ x ၆ စင်တီမီတာရှိ ပတ်စပို့ဓာတ်ပုံတစ်ပုံ
6. ဧည့်စာရင်းတိုင်ထားသည့်မိတ္တူ (TM.30)


အလည်ဗီဇာသက်တမ်းတိုးခြင်းနှင့် ပက်သက်၍ သိထားသင့်သောအချက်များ

  • အလည်ဗီဇာသက်တမ်းတိုးပြီးနောက် နောက်ဗီဇာအမျိုးအစားပြောင်းရန် လျှောက်ထားမည်ဆိုပါက လက်ရှိနေထိုင်နေသော ဗီဇာသက်တမ်းမှာ ၁၆ ရက်ထက်မနည်း ကျန်ရှိရန်လိုအပ်ပါသည်။
  • ထိုင်းနိုင်ငံသားဆွေမျိုးရှိသူများအတွက် ထိုင်းလူမျိုးဖြစ်သောမိသားစု သို့မဟုတ် ထိုင်းလူမျိုးဖြစ်သည့်အိမ်ထောင်ဖက်ဆီကို အလည်လာရန် ဗီဇာသက်တမ်းကို လက်ရှိဗီဇာသက်တမ်းကုန်သည့်ရက်မှ စ၍ နောက်ထပ် ရက်၆၀နေထိုင်ခွင့်ကို သက်တမ်းတိုးနိုင်ပြီး ဆွေမျိုးဖြစ်ကြောင်းကို လက်ထပ်စာချုပ် သို့မဟုတ် မွေးစာရင်းအထောက်အထားပြရန် လိုအပ်ပါသည်။
  • ပထမဆုံးဗီဇာလျှောက်ထားရာတွင် လျှောက်ထားသူ၏ နိုင်ငံတွင်းရှိ ထိုင်းသံရုံးမှ ၃ လနေထိုင်ခွင့်ရှိသည့် ဗီဇာကိုထုတ်ပေးပြီး ထိုဗီဇာဖြင့် ထိုင်းနိုင်ငံသို့ဝင်ရောက်လာပါက လူဝင်မှုကြီးကြပ်ရေးမှ ရက်၆၀ နေထိုင်ခွင့်ရှိသည့် အဝင်တုံးကို နိုင်ငံကူးလက်မှတ်ထဲတွင် တုံးထုပေးပါသည်။
  • ထိုင်းနိုင်ငံသို့ ဗီဇာကင်းလွတ်ခွင့် ၁၄ ရက်ဖြင့်ဝင်ရောက်ပြီးနောက် ပထမဆုံးဗီဇာ သက်တမ်းတိုးလျှောက်ထားသည့်အခါ ပထမဗီဇာ၏ သက်တမ်းကုန်သည့်ရက်မှ နောက်ထပ်ရက် ၃၀ သက်တမ်းတိုးနိုင်ပါသည်။ သို့သော် သီရိလင်္ကာ၊ ဘင်္ဂလားဒေ့၊ အိန္ဒိယ၊ နီပေါ၊ ပါကစ္စတန်၊ အီရန်၊ နိုင်ဂျီးရီးယား၊ တိုဂို၊ အူဂါတာ နှင့် မြန်မာနိုင်ငံသားများသည် ၇ရက်သာသက်တမ်းတိုးနိုင်မည်ဖြစ်သည်။ သက်တမ်းတိုးခွင့်ကို ထိုင်းလူဝင်မှုကြီးကြပ်ရေးမှ ဆုံးဖြတ်ပေးပြီး သက်တမ်းတိုးပြီးပါက ဗီဇာအမျိုးအစားပြောင်းလို့မရတော့ပဲ ဗီဇာသက်တမ်းကုန်ပါက ထိုင်းနိုင်ငံပြင်ပသို့ထွက်ခွာရမည်ဖြစ်သည်။
  • ဗီဇာသက်တမ်းတိုးလျှောက်လွှာများကို ဘန်ကောက် သို့မဟုတ် အခြားမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးရုံးများတွင် လျှောက်ထားနိုင်ပြီး သတ်မှတ်ထားသော နေထိုင်ခွင့်ကျော်ပါက ရက်ကျော်ခ ၁ ရက် လျှင် ဘတ် ၅၀၀ ဒဏ်ကြေးဆောင်ရမည်ဖြစ်သည်။
    ဗီဇာသက်တမ်းတိုးလျှောက်ထားမှုကို ပယ်ချခံရပါက ထိုင်းနိုင်ငံတွင်းမှထွက်ခွာရန် ၇ ရက်ပေးမည်ဖြစ်သည်။
  • ဗီဇာလျှောက်ထားပြီးနောက် အကြောင်းတစ်ခုခုကြောင့် ထိုင်းနိုင်ငံပြင်ပသို့ ခရီးသွားရန်လိုအပ်ပါက လက်ရှိဗီဇာဖြင့် ပြန်လည်ဝင်ရောက်နိုင်ရန် ထိုင်းနိုင်ငံသို့ပြန်လည်ဝင်ရောက်ခွင့်ကို အနီးဆုံးလူဝင်မှုကြီးကြပ်ရေးမူးရုံး သို့မဟုတ် ထိုင်းနိုင်ငံအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လျှောက်ထားရန်လိုအပ်ပါသည်။
  • အလည်ဗီဇာဖြင့် လာသူများသည် ဥပဒေအရထိုင်းနိုင်ငံတွင်းတွင် အလုပ်လုပ်ခွင့်မရှိသည့်အတွက် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်လိုပါက ထိုင်းနိုင်ငံအပြင်သို့ထွက်ကာ စာရွက်စာတမ်းများပြင်ဆင်၍ အလုပ်ဗီဇာနှင့် အလုပ်ပါမစ်များကို လျှောက်ထားရန်လိုပါသည်။

เงื่อนไขสินค้า

หากคุณต้องการข้อมูลเพิ่มเติมเกี่ยวกับเงื่อนไขของสินค้านี้กรุณาติดต่อเราได้ที่ Call Center. 02-792-9292

แชร์ สินค้านี้

TRIP INFORMATION

ลงทะเบียนรับข่าวสาร WonderfulPackage วันนี้!

รับสิทธิพิเศษและส่วนลดมากมาย เหนือกว่าใคร!